ဂွ ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည်ဆေးရုံနှင့် ကိုဗစ်-၁၉ Treatment Centreများတွင် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ယနေ့ညနေ(၄) နာရီခန့်တွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်(၁၀)သိန်း ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဂွမြို့နယ်အတွင်းရှိ ဆေးရုံ၊ Covid-19 Treatment Centre များတွင် ဆေးကုသခံယူနေသော ကိုဗစ်-၁၉အတည်ပြုလူနာများနှင့် အဆိုပါနေရာများတွင်လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများဝယ်ယူသုံးစွဲနိုင်ရေးအတွက် အလှူငွေကျပ်(၁၀သိန်း)ကိုပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်း