မြေပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်အပြင်ထွက်တိုင်း Mask တပ်ဆင်ခြင်း မရှိသူများအားအရေးယူဆောင်ရွက်

မြေပုံ၊ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြေပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ကာလပြီးဆုံးပြီဖြစ်၍ ပြည်သူများအိမ်အပြင် ထွက် သည့် အခါ Mask တပ်ဆင်မှုမရှိဘဲသွား/လာကြသူများအား ဒါဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်ကမြို့မဈေးကြီးလမ်းဆုံ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်/ပင် ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့မဈေးကြီး လမ်းဆုံနှင့် ဈေးအတွင်း ဈေးရောင်း/ ဝယ်ပြည်သူများ၊အသွား/အလာများပြားသော သဲတန်းလမ်းဆုံနှင့် တောင်ပိုင်းလမ်ဆုံ တို့တွင် ကိုဗစ်-၁၉ ရောဂါရောဂါ ကာကွယ်ရေးဆိုင်ရာကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောညွှန်ကြားချက်များလိုက်နာမှုပျက်ကွက်ကာ Mask တပ်ဆင်ခြင်း မရှိဘဲသွား/လာ၍တွေ့ရှိသူ(၉)ဦးအား ဒါဏ်ကြေးငွေကျပ်(၅၀၀)စီပေးဆောင်စေခြင်းနှင့် Mask တပ်ဆင်ပေးကာအပိုMask(၁)ခု ထပ်မံပေးသည်။
ထိုအပြင်နောက်တစ်ကြိမ် Mask တပ်ဆင်ခြင်း မရှိဘဲတွေ့ရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဝံခံဂဓိပြုလက်မှတ်ရေးထိုးကာ ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
တင်ဝင်း