ညောင်လေးပင်မြို့မ‌ဈေး အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြားဆိုင်များ အားလုံး ခေတ္တယာယီပိတ်သိမ်း

ညောင်လေးပင် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်၊ ညောင်လေးပင်မြို့မ‌ဈေး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတို့တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြားလူသုံးကုန် ပစ္စည်းရောင်းချသော ဆိုင်များအား ယနေ့မှစ၍ ခေတ္တယာယီ ပိတ်သိမ်းထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာခြင်း၊ သေဆုံးမှုများဖြစ်ပေါ် လာခြင်းတို့ကြောင့် ရောဂါအချိန်မီ ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ မြို့မဈေးအတွင်း အပြင်တို့တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ဆိုင်များမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်း ရောင်းချသော ဆိုင်များအား ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၅ ရက်‌နေ့အထိ ခေတ္တယာယီ ပိတ်သိမ်းထားရန် ညွှန်ကြားထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)