ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိ‌စေရေး အတွက် Mask မတပ်ဆင်သူများကို ဒဏ်​​​ငွေရိုက်ခြင်းများ ဆောင်ရွက်

ဘူးသီးတောင် ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး ကော်မတီများ ပူးပေါင်းအဖွဲ့ဝင်များသည် အဖွဲ့(၂)ဖွဲ့ခွဲကာ ဦးဥတ္တမခန်းမရှေ့ ဘူးသီးတောင်-မောင်တော သွားရာကားလမ်း၊ အနောက်ကွင်းဈေးရှေ့နှင့် လမ်းစုံလမ်းမများ၌ လှည့်လည်၍ အသိပညာပေး​ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်-မောင်တော သွားရာဂိတ်၌ အဖွဲ့(၇)ဖွဲ့ခွဲ၍ ပုံမှန်စစ်​ ​ဆေးဆောင်ရွက်ခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြော်ငြာခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်မှု မရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေ(၅၀၀)ကျပ် ပေးဆောင်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး ကော်မတီများ ပူးပေါင်းအဖွဲ့ဖြင့် ဇူလိုင်လ(၁၁)ရက်နေ့ မှစတင်၍ မြို့မစည်ပင်သာယာဈေးအား နံနက်(၆)နာရီမှ မွန်းလွဲ(၁)နာရီ ထိသာ ဖွင့်လှစ်‌ရောင်းချရန်ခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ပြည်သူများဖြတ်သန်း သွားလာလျက်ရှိသော လမ်းဆုံလမ်းမများသို့ သွားရောက်၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နှာခေါင်းစည်း (Mask)တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်းများကို အရှိန်အဟုန်​မြှင့် ပူး‌​ပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)