သရက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေ သိန်း(၅၀)လှူဒါန်း

သရက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေပေးအပ် လှူဒါန်းခြင်းကို  ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ‌ ပေးအပ်လှူဒါန်းပွဲတွင် သရက်မြို့အကောက်တဲရပ်ကွက်နေ ဒေါက်တာနေဇော်လတ်နှင့် ဇနီး၊ ဒေါ်မီမီအောင်(မင်းဆေးခန်း) မိသားစုတို့မှ အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် မတည်အလှူငွေ သိန်း(၅၀)ကိုလှူဒါန်းခဲ့ကြရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်ရွှေအောင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ သိန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)