ပွင့်ဖြူမြို့နယ်၌ အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုး ပြည်သူများထံ ဖြန့်ဝေပေး

ပွင့်ဖြူ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က  ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များ၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုးအား ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ပြည်သူများထံ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်(၃)မျိုးတွင် အနာဂတ်ကောင်းဖို့ ကျောင်းပြန်တက်ကြစို့၊ ကျန်းမာရေး ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် အခက်အခဲဖြစ်နေသော ပြည်သူများအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးမှုများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မှုမှတ်တမ်းများ ၊ ဓာတ်ပုံများ ၊ အသိပညာပေး အချက်အလက်များ ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)