နာဂဒေသ၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်အား သဲများ ပိတ်ဆို့နေမှုအား ရှင်းလင်းဖယ်ထုတ်

လေရှီး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အား သဲများ ပိတ်ဆို့နေမှုကို ယမန်နေ့က ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့တို့ ဦးဆောင်၍ ဌာနဆိုင်ရာများ၊  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ၊ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (NRDC) ကျောင်းဆင်းညီအစ်ကိုများ၊ လေရှီးမြို့ပေါ်ရှိ လူငယ်အဖွဲ့အစည်းများ ပူးပေါင်း၍ သွားရောက်ရှင်းလင်း ဖယ်ထုတ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါရေအားလျှပ်စစ်သည် မိုးသည်းထန်စွာ ရွာသွန်းပြီး သဲများပိတ်ဆို့၍ လျှပ်စစ်မီးပြတ်တောက်သွားသောကြောင့် အမြန်ဆုံးမီးလင်းမှုရရှိစေရေး စုပေါင်း အင်အား(၄၀)ခန့်က ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် စတင်ရှင်းလင်းခဲ့ရာ မွန်းလွဲ (၁)နာရီ၌ ရှင်းလင်းဖယ်ထုတ်နိုင်ခဲ့ပြီး  ယင်းရေအားလျှပ်မီးကို ပုံမှန်အတိုင်း မီးလင်းမှုရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

ဆိုင်းသား