မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အတွက် Oxygen Plant အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်

မော်လမြိုင်ကျွန်း  ဇူလိုင် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့မိမြို့ဖများ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍  Oxygen Plant  တည် ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ Oxygen Plant တည်ဆောက်ရန်အတွက်  တရုတ်နိုင်ငံမှ တစ်နာရီလျှင် ၄၀ liter အိုး ၉ လုံး (၂၄ နာရီ တွင် အိုးကြီး(၂၀၀ ခန့်) ထွက်ရှိမည့် NZO-50 Oxygen Plant model အား မြို့နယ် စေတနာရှင်အလှူရှင် များ စုပေါင်း၍ မတည် လှူဒါန်း ငွေ  U$(55710)  ဖြင့်ဝယ်ယူပြီးဖြစ်ပါကြောင်း နှင့် အမြန်ဆုံး ရောက်ရှိ တပ်ဆင် ထုတ်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက်နေပါကြောင်း မြို့နယ် Oxygen Plant ဖြစ်မြောက်ရေးကော်မတီ ထံမှ သိရှိရသည်။

 

မြို့နယ် Oxygen Plant ‌အကောင်အထည်ဖော်ရေးအတွက် မတည်အလှူရှင်များမှာ ဦးသန်းမြင့်+ဒေါ်အေးမြိုင်  (နန်းသပြေ၊ စိုးစံနှင့်ရွှေပြည့်စုံဆန်စက်)မိသားစုမှ သိန်းနှစ်ရာကျပ်၊ဦးညွန့်လွင်+ဒေါ်ညိုညို (ထိပ်တန်းဆန်စက်) သိန်းတစ်ရာကျပ်၊ဦးစန်းဌေး+(မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး)ဒေါ်မော်မော်သန်း မိသားစု၊ သိန်း ၅၀ ကျပ်၊ ဦးတင်လှိုင်+ဒေါ်ညွန့်ညွန့်ကြည် (ရွှေနီလာရွှေဆိုင်)မိသားစု သိန်း၅၀ကျပ်၊ ဦးဌေးစိန်+ဒေါ်မြင့်မြင့်ခိုင်ဌေးမိသားစု စတိုး သိန်း၅၀ကျပ်၊ ဦးကျော်ဌေး+ဒေါ်ရှုသင်း(အော်စကာစတိုး) သိန်း(၅၀)ကျပ် လှူဒါန်းထားရှိပြီး မြို့နယ် အတွင်းရှိ စေနာရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရှိရသည်။

သီတာအောင်