ကြို့ပင်ကောက် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ကန်ညီနောင်ဈေးတို့တွင် ရောင်းချနေသောအခြေခံစားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြား လူသုံး ကုန် ပစ္စည်းရောင်းချသောဆိုင်များအား ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ခေတ္တယာယီ ပိတ်သိမ်းထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာခြင်း၊ သေဆုံးမှုများဖြစ်ပေါ် လာခြင်းတို့ကြောင့် ရောဂါ အချိန်မီထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ မြို့မဈေးနှင့် ကန်ညီနောင်ဈေးတို့တွင် ရောင်းချနေသောအခြေခံ စားသောက် ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်း ရောင်းချသောဆိုင်များအား ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ညွှန်ကြားချက် တစ်စုံတစ်ရာ မရမီအချိန်အထိ ခေတ္တယာယီ ပိတ်သိမ်းထားရန် ညွှန်ကြား ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ယင်းသို့ ဈေးဆိုင်များခေတ္တယာယီ ပိတ်သိမ်းထားချိန်တွင် စည်ပင်သာယာရေး အဖွဲ့ပိုင်မြို့မဈေးများအတွင်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)