လပွတ္တာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ်ခုတင် (၂၀၀)ပြည်သူ့ ဆေးရုံကြီးသို့ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ ညနေ ၅နာရီအချိန် အလှူရှင်များက လာရာက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကိုအလှူရှင်များ ဖြစ်ကြ သည့်အမှက် (၆) ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ နှင့် လပွတ္တာ မြို့နယ်၊ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းမှ ကိုဇော်လေးနှင့် ဇနီး မခင်စိုးစိုးကျော် တို့က ကိုဗစ်-၁၉ရောဂါအတွက် (၃)မိုင်မြို့ သစ်၊ခုတင်(၂၀၀)ပြည်သူ့ဆေးရုံ ကြီးသို့ အောက်ဆီဂျင် 40 liter ဆံ့ အိုးကြီး (၅)လုံး(ကာလတန်ဖိုး ၈ သိန်း)ခန့်အား လှူဒါန်းခဲ့ကြောင်း သိရသည်။