ဂွ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် ဂွမြို့သို့ ယမန်နေ့ ညနေ၄နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၊ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၀၀)ဖြင့်(၂၂၀ပေ၊ ၈၀ပေ) RCC မြို့နယ်ခန်းမဆောင် ဆောက်လုပ် နေမှုကိုကြည့်ရှု စစ်ဆေးခဲ့ သည်၊၊
ထို့နောက်ဂွမြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများ၏ အခြေအနေနှင့်လိုအပ်ချက်များ ၊ Oxygen ရရှိမှု အခြေအနေနှင့် Quarantine Centreထားရှိမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်တို့မှ လိုအပ်ချက်များအား ပြန်လည်ဖြည့်စွက် တင်ပြကြပြီး မြို့နယ်ဆေးရုံနှင့် Quarantine Centre များတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့မှ ကြက်ဥ ၊ Ovaltine နှင့် မုန့်ခြောက်များအား လည်းကောင်း၊မြို့နယ် ဆရာဝန်ကြီးနှင့်ကျန်းမာရေး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေ (၅သိန်း)ကျပ်အား လည်းကောင်းပေးအပ်ခဲ့ရာ မြို့နယ် ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည်တံတားတည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၈)မှတာဝန်ယူတည်ဆောက် လျက် ရှိ သည့် ဂွ-မကျေးငူ ချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတား တည်ဆောက်ပြီး စီးမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနတာဝန် ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း