ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ဆောင်ရွက်နေမှုများ အား မြို့နယ်ဆရာဝန်ကြီးနှင့် တွေ့ဆုံမေးမြန်း

ပေါက်တော ဇူလိုင်၊ ၁၇
 
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားစီးထိန်းချုပ်ရေး ဆောင်ရွက်နေမှုများအား မြို့နယ်ကုသရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုအောင်အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ အင်တာဗျူး ရိုက်ကူးခြင်း ကို ယနေ့ညနေ (၃ ) နာရီ အချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်သည်။
အဆိုပါ ရုပ်/သံ အင်တာဗျူး ရိုက်ကူးခြင်းကို ရခိုင်ပြည်နယ်မှူး စီစဥ်ပေးသော အင်တာဗျူးမေးခွန်းများ ဖြစ်သော ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လို စစ်ဆေးနေပါသလဲ၊ ဘယ်လို လက္ခဏာမျိုး ပြသလျှင် စိုးရိမ်ရသည့် အခြေအနေခေါ်ပါသလဲ၊ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ် ချက် များကို ဘယ်လိုစီစဥ်ထားပါသလဲ စသည့်မေးခွန်းများကို မေးမြန်းခဲပြီး မြို့နယ်ကုသရေး ဦးစီးဌာနမှူးက အကြောင်းအရာတစ်ခုချင်းစီကို ပြည်သူများ သိရှိအောင် ရှင်းလင်းဖြေကြားခဲ့ပြီး အပြင်သွားသည့် အခါတိုင်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ အာဟာရ ပြည့်ဝစွာ စားသုံးနေထိုင်ကြရန် တို့ကိုထည့်သွင်းမှာကြားကြောင်း သိရှိရသည်။