ကျိုက်မရော ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ လူမူရေး အသင်း အဖွဲ့များပူးပေါင်းကာ မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၁၀နာရီက ကျိုက်မရောအဝင် ထန်းပင်တန်း၌ ပြုလုပ် ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊မီးသတ်တပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့များက ဖြတ်သန်းသွားလာနေသော မော်တော် ယာဉ်များ၊ ခရီးသွားပြည်သူများအားကျန်းမာရေးစစ်ဆေးပေးခြင်း၊ရောဂါပိုးရှိသူများနှင့်ထိတွေ့မှု ရှိ/မရှိ မေးမြန်း စိစစ်ခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ မြို့နယ် အတွင်းသို့ ဝင်ရောက်လာသူများအား လာရောက် သည့်ဒေသမှ ကျန်းမာရေး ထောက်ခံချက်များပါရှိမှုရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်၇နာရီမှ ညနေ၇နာရီထိဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် Stay at Homeဒေသများမှပြန်လည် ဝင်ရောက် လာသူများအား အသွားအလာ ကန့်သတ်နေထိုင်စေရန်နေ့စဉ် ပညာပေးခြင်း အသိပေး၊သတိပေးခြင်းများကိုလည်း Stay at Home ဒေသများမှပြန်လည် ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်နေထိုင်စေရန် နေ့စဉ်ပညာပေးခြင်း အသိပေး၊ သတိပေးခြင်းများကိုလည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသိတရားဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ နေ့စဉ် ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး