မြောင်းမြ ဇူလိုင် ၁၇
ဧရာဝတီဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့ရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျနိုင်စေရေးအတွက်
Stay at Homeကာလအတွင်း နေအိမ်ပြင်ပထွက်ခွာခွင့်ကတ်များ စစ်ဆေးကို ယနေ့ နံနက်(၈)နာရီက မြောင်းမြ-လပွတ္တာအဝေးပြေးလမ်းမကြီး၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် အာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ Stay at Home ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာခွင့် ကတ်များမရှိဘဲသွားလာနေသူများ၊ ကုမ္ပဏီ ဝန်ထမ်းကတ်ဖြင့် သွားလာနေသူများအား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် နေအိမ်ပြင်ပထွက်ခွာခွင့်ကတ်များ ထုတ်ယူသွားလာကြ ရန်နှင့် တစ်အိမ်တစ်ယောက်သာနေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်ဖြင့် ထွက်ခွာကြရန် ပညာပေးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ကေခိုင်စိုး