ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြင့် ပိုးတွေ့လူနာသစ် (၇၇)ဦး ထပ်မံတွေ့ရှိ (၂)ဦးသေဆုံး

ကျောက်တံခါး ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ  အနံ့မရသူများ ဖျားနာသူများ အား အာခေါင်တို့ပတ် နှာခေါင်းတို့ပတ်ရယူကာ ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ် ဆေးခြင်း၊ RDTဖြင့် စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယမန်နေ့က ကိုဗစ်- ၁၉ပိုးတွေ့ လူနာသစ် (၇၇)ဦး တွေ့ရှိခဲ့ပြီး()ဦး သေဆုံးခဲ့၍ စုစုပေါင်းပိုးတွေ့လူနာပေါင်း (၇၉၃)ဦးအထိရှိလာပြီး  သေဆုံးသူ()ဦးရှိ ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာသစ်(၇၇) ဦးတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မြို့နယ်ကြက် ခြေနီကော်မတီ အဖွဲ့ဝင်များ၊ ပရဟိတစေတနာရှင်လူမှု့ကူညီရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများက မော်တော်ယာဉ်များ ဖြင့်နေအိမ်အရောက်လိုက်လံခေါ်ယူကာ သက် ဆိုင်ရာဆေးရုံ အသီးသီးသို့ ပို့ဆောင်ခြင်းနှင့် ဆေးရုံဆင်းခွင့်ရရှိ သူတို့အားနေအိမ်အရောက် ပို့ဆောင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စန်းစန်း