ပင်လည်ဘူးမြို့၌ ယနေ့နံနက် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၄)ဦး ဆေးရုံးမှဆင်းခွင့်ရ

ပင်လည်ဘူး ဇူလိုင်  ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာပေါင်း (၈၄) ဦးရှိပြီး ယနေ့နံနက်တွင် ဆေးရုံးမှဆင်းခွင့်ရရှိသူ (၄၄) ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၈၄)ဦး ရှိသည့်အနက် သေဆုံးသူ (၃) ဦး ရှိပြီး ယခင်က ဆေးရုံဆင်းခွင့်ရသူ (၈) ဦး ရှိပြီဖြစ်ကာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၄) ဦး ဆေးရုံမှဆက်လက်ဆင်းခွင့်ရရှိသွားပြီဖြစ်ပါသည်။ စုစုပေါင်း  (၅၂) ဦး ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

အေးဝင်းခိုင်