ဝါးခယ်မ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ် မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။
ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်မှအမျိုးသမီး(၄)ဦးနှင့် ကျေးရွာများမှ အမျိုးသမီး(၄)ဦး စုစုပေါင်း(၈)ဦးဖြစ်ပြီး ပိုးတွေ့လူနာများအားဝါးခယ်မမြို့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက် ကုသပေး လျက်ရှိသည်။ ဝါးခယ်မမြို့နယ် အတွင်းပိုးတွေ့ လူနာ ရဟန်း(၃)ပါး၊ ကျား(၄၃)ဦး၊ မ(၅၃)ဦး၊ စုစုပေါင်း(၉၉)ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ကျား(၂၀)၊ မ(၁၈)၊ ပေါင်း(၃၈)ဦး၊ ကုသမှုခံယူဆဲလူနာ ရဟန်း(၂)ပါး၊ကျား(၂၁)ဦး ၊ မ(၃၁)ဦး၊ ပေါင်း(၅၄)ဦး၊ သေဆုံးလူနာ ရဟန်း(၁)ပါး၊ ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၇)ဦးဖြစ်ကြောင်း သိရသည်။
စောသန္တာဦး