မောင်တော ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံအား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သတ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇူလိုင် ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သတ်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံအား မေးမြန်းရာ
အမေး- “ပြည်သူတွေအနေဖြင့် ကိုဗစ် ရောဂါ လက္ခဏာတွေရှိလာလျှင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ” ၊ အဖြေ- “ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရော ဂါ သံသယ လက္ခဏာတွေရှိလာလျှင် မိမိကိုယ်ကို သီးသန့် နေထိုင်ခြင်း၊ မိသားစုနှင့် ရောနှောမနေရန် ၊အပြင် မထွက် ရန် နှင့် နီးစပ်ရာကျန်းမာရေးဦးစီးဌာနကိုဆက်သွယ်ပေးရန်လိုအပ်ကြောင်း”
အမေး- “ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါ ပိုးရှိ/ မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ”
အဖြေ -“မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေနပ် ကိုဗစ်-၁၉ သံသယလူနာတွေကို Standaed Q Covid-19 Antigen Test (RDT)နှင့် စစ်ဆေးခြင်း၊ ရောဂါလက္ခဏာ တွေ့ ရှိပြီး Standaed Q Covid-19 Antigen Test (RDT) နှင့် စစ်ဆေးရာ Negative ဖြစ်ပြီး သံသယဖြစ်လျှင် Polymerase chain reaction (PCR) နှင့် ထပ်မံ၍ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါတယ်”
အမေး - “ကိုဗစ်-၁၉ ရောဂါပိုးတွေ့ပြီ ဆို လျှင် ဘယ်လိုဆောင်ရွက်ပေးနေပါလဲခင်ဗျာ”
အဖြေ- “ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လျှင်လည်း လူငယ်များ ဖြစ်နေပါက ယာယီကုသရေးဆောင်တွင်ထားရှိခြင်း၊ အသက်အရွယ်ကြီးပြီး ရောဂါလက္ခဏာရှိသူများအား ပြည်သူ့ဆေးရုံတွင် ကုသနေမှု အခြေအနေများ၊ ပိုးတွေ့လူနာများ အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ကုသမှုလိုအပ်လျှင် ကုသမှုပေးပြီး ၊ ကိုဗစ်ဖြစ်တိုင်း ဆေးသောက်သုံးရန် မလိုအပ်ကြောင်း၊ ရောဂါပိုးတွေ့ရှိပြီး လက္ခဏာမပြလျှင် သီးသန့် ထားရှိခြင်း၊ ရောဂါလက္ခဏာ ရှိပြီး အောက်စီဂျင် လိုအပ်သူများကို အောက်စီဂျင်ပေးပြီး ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်နေပါတယ်”၊
အမေး- “ပိုးတွေ့လူနာများ Quarantine ဝင်ရောက်ပါက စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Quarantine Center များ ထားရှိမှုကို ဘယ်လိုလျာထားပါသလဲဗျ”
အဖြေ- “ပိုးတွေ့ လူနာများအား သီး သန့် ထား ရှိခြင်း ၊ ပိုးတွေ့လူနာထံမှ ထပ်မံကူးစက်မှုမရှိအောင် အနည်းဆုံး (၁၀)ရက် ပြည်သူ့ ဆေးရုံနှင့် ယာယီ ဆေးရုံ ငယ်တို့တွင် သီးသန့် ထားရှိပါတယ်”
အမေး - “ရောဂါပိုးတွေ့ရှိသူ နှင့် Contact ဖြစ်သူများ အနေဖြင့် ဘယ်လို နေထိုင်သင့်ပါသလဲ”
အဖြေ- “ရောဂါပိုးတွေ့ရှိသူ နှင့် Contact ဖြစ်သူများ အနေဖြင့် ဖြစ်နိုင်လျှင် မိမိတို့နေအိမ်၌ နှာခေါင်းစည်း Mask ပြီး တစ်ဦးတည်း သီးသန့် Home quarantine နေထိုင်ရန် အကြံပြုချင်ပါတယ်”
အမေး -“ဘယ်လို လက္ခဏာမျိုးပြသလျင် စိုးရိမ်ရတဲ့ အခြေအနေ ခေါ်ပါသလဲ”
အဖြေ- “ကိုဗစ် ရောဂါလက္ခဏ အနေဖြင့် များ သောအားဖြင့် အနံ့မရခြင်း၊ ဖျားနာ ခြင်းများရှိကြောင်း အန္တရာယ်ရှိတဲ့ လက္ခဏာ မျိုးမှရှိကြောင်း၊ အသက်အရွယ်ကြီးပြီး ကိုယ်ခံအားနည်းကာ ရောဂါ အခံရှိ သူများသည် အသက်ရှုကြပ်ခြင်း၊ အောက်စီဂျင် ကျဆင်းများ ဖြစ်တတ်ခြင်း ၊ လှုပ်ရှားမောပန်းလာလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရန် လိုအပ်ပါတယ်”
အမေး “ကိုဗစ်ဖြစ်လာလျှင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ”
အဖြေ- “ကိုဗစ်-၁၉ အတည်ပြုလူနာများသည် အစားအသောက်များအား ပုံမှန်စားသုံးနိုင်ကြောင်း၊ အဟာရပြည့်ဝမည့် အစား အသောက်များ၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ စားသုံးရန် လိုအပ်ကြောင်း ၊ ကိုယ်ခံအား ကျဆင်း စေ သည့် အရက် ၊ဆေးလိပ် ၊ ကွမ်းတို့ မစားသုံးသင့်ပါရှင့်”
အမေး- “ရောဂါကူးစက်ပြန့်ပွားမှု မရှိအောင် အသိပညာ ပေးလုပ်ငန်းများကို ဘယ်လို ဆောင်ရွက်ထားပါသလဲ”
အဖြေ- “မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိကြောင်း”
အမေး - “ယနေ့ထိ ပိုးတွေ့လူနာဦးရေ /ဆေးရုံတက်ရောက်/ဆေးရုံဆင်းလူနာဦးရေ ပြန်လည် ကျန်းမာလာမှု အခြေအနေများကို ပြောပြပေးပါခင်ဗျာ”
အဖြေ -“မောင်တောမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇွန် ၁၂ ရက်နေ့အထိ ပိုးတွေ့ လူနာ ၃၁၁ ဦး၊ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၇၃ ဦးရှိ ၊ သေဆုံးသူ ၅ ဦး အထိ ရှိပါတယ်”
အမေး- “ကာကွယ်ဆေးထိုးဖို့ ကျန်နေသူများ ထိုးနှံပေးသွားရန် စီစဉ်ထားရှိမှု အခြေအနေကိုလည်း ပြောပြပေးပါခင်ဗျာ
အဖြေ- “လောလော ဆယ် ပြည်သူများအား ကာကွယ်ဆေးထိုးရန် အခြေအနေမရှိသေးပါ”
အမေး “အခြား ဖြည့် စွက် ပြောကြားလိုမှုများ ရှိပါက ဖြေကြားပေးပါအုံးခင်ဗျာ”
အဖြေ- “ကိုဗစ်-၁၉ ရောဂါသည် ကမာ္ဘနေ့ရာ၊ဒေသ အသီးသီးတွင် ဖြစ်ပွားနေပြီး ကိုဗစ်-၁၉ ကာကွယ်ရန် လူတစ်ဦးတိုင်းတွင် တာဝန်ရှိပြီး၊ မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ရန် ၊ နေအိမ်ပြင်ပ ထွက်ခွာပါကလည်း နှာခေါင်းစည်း တပ်ဆင်ကြလျှင် လူတွေအသက်ကို ကယ်တင်ရာရောက်ပါကြောင်း၊ လူတိုင်းမိမိကိုယ်ကို ကာကွယ်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့ပါသည်”။
သက်လွင်စိုး