ရွာသစ် ဇူလိုင် ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အပြင်ထွက် သွားလာနေသည့် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာကြရန် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ မြို့အဝင်လမ်းဆုံနှင့် လူစည်းကာရာ နေရာများ၌ ကြပ်မတ် စစ်ဆေးခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့မှ ရွာသစ်နယ်မြေ စခန်းမှူး ရဲအုပ်ဇော်နိုင်လင်းနှင့် အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လဝက ဝန်ထမ်းတို့နှင့် ပူးပေါင်း၍ အပြင်ထွက်လာသူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ HandGel ဖြင့် လက်ကိုပွတ်ဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာကြရန် အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး