အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၈)ဦး ထပ်မံတွေ့ရှိ

အိမ်မဲ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ မြို့နယ်အတွင်း (၁၁)ဦး၊ မြို့နယ်ပြင်ပ(၇)ဦး၊ စုစုပေါင်း(၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီး​ဌာန၏ ယမန်နေ့ ညနေ ၆နာရီက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာ(၉)ဦးအား ကိုဗစ်-၁၉ Treatment Center (အိမ်မဲမြို့၊ ရွှေလင်းယုန် အားကစားကွင်း)နှင့် ကျန်ပိုးတွေ့လူနာ(၉)ဦးအား ကိုဗစ်-၁၉ Treatment Center (ရွာသစ်)သို့ လိုအပ်သော ဆေးဝါးကုသမှုများ ခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ဇွန်လ(၂၅)ရက်နေ့ မှ ဇူလိုင်လ(၁၄)ရက်နေ့ ညအထိ ပိုးတွေ့လူနာပေါင်း ၁၃၂ ဦး၊ ဆေးရုံဆင်းလူနာ ၁၀ ဦး၊ ဆေးဝါးကုသဆဲလူနာ ၁၂၂ ဦး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)