သာယာဝတီ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဂရုဏာရှင်ပရဟိတအသင်း(သုံးဆယ်)မှ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို သာယာဝတီမြို့နယ်အတွင်းရှိ ကိုဗစ်လူနာများထားရှိရာ အ.ထ.က ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များ၊ ရောဂါဖြစ်ပွားလျက်ရှိသော နေအိမ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ဂရုဏာရှင်ပရဟိတ အသင်းမှ သိရသည်။
သာယာဝတီမြို့နယ်အတွင်းတွင် မြို့နယ်အတွင်းရှိ ပရဟိတအသက်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော်