ကသာ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်ခွင့်ရရှိသော ကသာမြို့နယ်၊ ကုန်းသာကျေးရွာရှိ ဒေသခံ ပြည်သူများအား ယမန်နေ့က ကျေးရွာမတည် ရန်ပုံငွေများကို သွားရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူ(၁၁၃)ဦးတို့ အား နိုင်ငံတော်၏ COVID-19 Economic Relief Plan အရ ဆောင်ရွက်သည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဆောင်ရွက်ရန် အတွက် ချေးငွေကျပ်(၂၉၄)သိန်း တို့ကို မြို့နယ်အဆင့်ကျေးရွာ မတည်ရန်ပုံငွေစီမံ ကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မ တီမှ ကြီးကြပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကသာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ စီးပွားရေးထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် Cash For Work စီမံကိန်း အတွက် ကျေးရွာ(၆)ရွာနှင့် ကျေးရွာမတည်ရန် ပုံငွေစီမံကိန်းအတွက် ကျေးရွာ(၆)ရွာတို့တွင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းဆောင်ရွက်နေမှု အခြေ အနေများကိုလည်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ရဲအောင် (ပြန်/ဆက်)