ခရမ်း ဇူလိုင် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ရေးရန် နှာခေါင်းစည်း Mask မတပ်ဆင်လာသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်း နှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အပူချိန်တိုင်းတာခြင်းများကို ယနေ့ နံနက်က ဆောင်ရွက်နေ ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသိန်းထူး ဦးဆောင်၍ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးအတွင်းသို့ ဝင်ရောက်ပါက ပါးစပ် နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန် လက်ကို မကြာခဏ ဆေးကြောကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ ရောင်းချကြရန်၊ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူ များနှင့် ဈေးဝယ် ပြည်သူများက ပူးပေါင်းပါဝင်ပေးကြပါရန် အသိပညာပေး ပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask စနစ် တကျ တပ်ဆင်သုံးစွဲရေးအတွက် လက်ကိုင်စပီကာများဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်/ ရောင်းချမှုရှိ/ မရှိအား လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကိုမင်း