သဲကုန်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူ များအား အသွားအလာ ကန့်သတ်ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့ နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းရှိ ဓမ္မမာမကပညာဒါနကျောင်းအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်အဖွဲ့ဝင်ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် အဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်(၄) အုပ်ချုပ် ရေး မှူးနှင့် အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာယီအဆောင်တွင် စုစုပေါင်း(၅၀) ဦး ထားရှိနိုင်မည်ဖြစ်ပြီး Stay at Home မြို့နယ်များမှ ပြန်လာသူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား စောင့်ကြည့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း