ပခုက္ကူမြို့နယ်အတွင်း ကွန်ကရစ်တံတားလုပ်ငန်း ခုနစ်ခုနှင့် လမ်းတံတားလုပ်ငန်းသုံးခု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပခုက္ကူ ဇူလိုင် ၁၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းခုနစ်ခုနှင့် လမ်းတံတားတည်ဆောက် ခြင်းလုပ်ငန်းသုံးခု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာ ရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပခုက္ကူမြို့၊အမှတ်(၃)ရပ်ကွက်၊(၄)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၅ပေ×အနံ ၆ပေ×ထု ၃လက်မ)၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၅)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၀ပေ× အနံ ၆ပေ×ထု၃လက်မ) အမှတ်(၃)ရပ်ကွက်၊ (၆)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၅ပေ×အနံ၆ပေ×ထု၃လက်မ)၊ အမှတ်(၃) ရပ်ကွက်၊(၆)လမ်း၊ ရိပ်သာလမ်း(အရှေ့) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၅ပေ×အနံ၆ပေ×ထု၃လက်မ)၊ အမှတ် (၃)ရပ်ကွက်၊ (၇)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၂၅ပေ×အနံ၆ပေ×ထု၃လက်မ)၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၁၈ပေ× အနံ၃ပေ×ထု၃လက်မ)၊ အမှတ်(၄) ရပ်ကွက်၊ ရိပ်သာလမ်းကူးကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၄၅ပေ×အနံ၆ပေ×ထု၃လက်မ)နှင့် အမှတ်(၆)ရပ် ကွက်၊ (၄)လမ်းနှင့်ဆုကြီးပန်လမ်းကြား လမ်းတံတားတည်ဆောက်ခြင်း (အလျား ၅၀ပေ×အနံ၆ပေ×ထု၃လက်မ)၊ အမှတ်(၆) ရပ်ကွက်၊ (၃)လမ်းနှင့်ဆုကြီးပန်လမ်းကြား လမ်းတံတားတည်ဆောက်ခြင်း (အလျား ၄၅ပေ×အနံ၆ပေ× ထု၃လက်မ)၊ အမှတ် (၆)ရပ်ကွက်၊ (၁)လမ်းနှင့်ဆုကြီးပန်လမ်းကြား လမ်းတံတားတည် ဆောက်ခြင်း (အလျား ၃၅ပေ×အနံ၆ပေ×ထု၃လက်မ) တို့ကို  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်မှ တတိယသုံး လပတ်အထိ စုစုပေါင်းခွင့်ပြုငွေကျပ်သန်းပေါင်း (၃၆၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

       

 

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် မြေသားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေး များနှင့်ပြည့်မီရေးအတွက် အနီးကပ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ဒေသခံပြည်သူများသွားလာမှုလွယ်ကူစေရန် လမ်းနှင့်တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ပြောကြားခဲ့သည်။

 

ဆလိုင်းကိုကီး