ဝက်လက် သြဂုတ် ၁၂
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် ကံပုလုတ်ကျေးရွာနှင့် သုံးဆင့်ကန် ကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိများ ဖြစ်ကြသည့် ဒေါ်တင်မာလွင်နှင့် ဒေါ်ခင်သန်းထွေးတို့မှ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ယနေ့ နံနက်ပိုင်းက ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးမှု အပေါ် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ချေးငွေများ ထုတ်ချေးရာတွင် ကံပုလုတ်ကျေးရွာ၌ စိုက်ပျိုးရေး (၆၃) ဦးအတွက် (၃၄၆၅၀၀၀၀) ကျပ်၊ မွေးမြူရေး (၆၃) ဦးအတွက် (၂၁၃၅၀၀၀၀) ကျပ်၊ အထွေထွေ အသုံးစရိတ် အဖြစ် (၂၈၀၉၀၀)ကျပ်၊ စုစုပေါင် (၅၆၂၈၀၉၀၀) ကျပ်ကို ထုတ်ချေးပေးသည်။
ယင်းနောက် သုံးဆင့်ကန် ကျေးရွာတွင် စိုက်ပျိုးရေး (၁၄၄) ဦးအတွက် (၄၃၂၀၀၀၀၀)ကျပ်၊ မွေးမြူရေး (၁၄) ဦးအတွက် (၂၈၀၀၀၀၀) ကျပ်၊ အထွေထွေ အသုံးစရိတ် အဖြစ် (၂၁၅၁၀၀) ကျပ်၊ စုစုပေါင်း (၄၆၂၁၅၁၀၀) ကျပ်ကို ပြန်လည်ထုတ်ချေးမှုအပေါ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)