အုတ်ဖို ဇူလိုင် ၁၄
နှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်တက် လျက်ရှိသည့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူမှုရေးအသင်းများမှ တက်ညီလက်ညီဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညက မြန်မာ့ စီးပွားရေး ဘဏ်နှင့် အတည်ပြုလူနာများထားရှိခဲ့သည့် မြို့တော်ခန်းမအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဓမ္မဝိဇယသာရေး နာရေးကူညီမှုအသင်းမှ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့တော်ခန်းမတွင် ယခင်ရက်က အတည်ပြုလူနာများ ထားရှိခဲ့ပြီး ယမန်နေ့က အတည်ပြုလူနားများအား ပိုမိုအဆင်ပြေစွာ နေထိုင်နိုင်ရန် အ.ထ.က အုတ်ဖိုသို့ ပြောင်းရွှေ့ခဲ့ရာ အတည်ပြုလူနာများ ထားရှိခဲ့သည့် မြို့တော်ခန်းမအား ပိုးသတ်ဆေးဖျန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၂) ဦး တွေ့ရှိခဲ့သဖြင့် ရုံးအတွင်းအပြင်အား ပိုးသက်ဆေးဖျန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူ