ဇီးကုန်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမကြိမ်ထိုးနှံထားသော ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၈ နာရီက အမှတ်(၃) ရပ်ကွက်ရှိ မိုဃ်းကောင်းကျောင်းတိုက်၌ ဒုတိယအကြိမ်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံမှထုတ်လုပ်သော (Vero) SARS-CoV-2 Vaccine အား တစ်ဦးလျင် (၀.၅ml)ကို မြို့နယ်အတွင်းရှိ ပထမအကြိမ်ထိုးနှံထားသော ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်း (၁၉၃)ဦးအား ဒုတိယအကြိမ် ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။ ရှေးဦးစွာ ကာကွယ်ဆေးထိုးမည့်သူများအား ကျန်းမားရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးတွင်းအောက်စီဂျင်တိုင်းခြင်း စသော ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး (Vero) SARS-CoV-2 Vaccine အား တစ်ဦးလျင် (၀.၅ml) ကိုထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံပြီးပါက ခေတ္တနားနေစေကြောင်း သိရသည်။
(Vero) SARS-CoV-2 Vaccine ကို ဇွန်လ ၁၇ ရက်နေ့က ပထမအကြိမ် (၁၉၃)ဦးကို ထိုးနှံပေးခဲ့ကြောင်းနှင့် ယခု ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ