ဝေါမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် (၆၃) ဦး ထပ်မံတွေ့ရှိ

ဝေါ ဇူလှိုင် ၁၄

ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ RDT Test Kit ဖြင့် သံသယရှိသူ (၁၈၁)ဦး စစ်ဆေးချက်အရ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် (၆၃ )ဦး ထပ်မံတွေ့ရှိ ကြောင်းသိရသည်။

ဝေါမြို့နယ်တွင် ပိုးတွေ့ရှိမှု (၁၃.၇.၂၀၂၁) ယခင် - (၂၂၉)ဦး ၊ ယခု - (၆၃)ဦး၊ စုစုပေါင်း - (၂၉၂)ဦး၊ ဆေးရုံတက်ရောက်မှု ယခင် - (၂၂၉)ဦး ၊ ယခု - (၆၃)ဦး ၊ စုစုပေါင်း - (၂၉၂)ဦး၊ သေဆုံးမှု - (၂) ဦး၊ ယခင် - (၁)ဦး၊ ယခု - (၁)ဦး၊ ဆေးရုံဆင်းမှု - (၃)ဦး၊ ယခင် - (-)၊ ယခု - (၃)ဦး၊ ဆေးရုံကျန် - (၂၈၇)ဦး၊ဆေးရုံဟောင်း - (၆၀)ဦး၊ ဆေးရုံဝန်ထမ်းအိမ်ရာ - (၃၁)ဦး၊ အားကာခန်းမ - (၆၀)ဦး၊ အထက(ဝေါ) - (၁၃၄)ဦး၊ မြစ်ကျိုးတိုက်နယ်ဆေးရုံ - (၅)ဦး၊ Contact များ ထိတွေ့မှု ယခင် - (၄၆၁)ဦး ၊ ယခု - (၁၁၉) ဦး၊ပေါင်း - (၅၈၀)ဦး၊ Contact များအား FQ ထားရှိမှုရွှေဘုံးပွင့် - (၈၂)ဦး၊ မြို့ဦးကျောင်းဓမ္မာရုံ - (၁၂၇)ဦး၊ သုခိတာရုံကျောင်း - (၅၆)ဦး၊ ကြာလဟာရွာ FQ - (၅၅)ဦး၊ ဆင်ရွာ FQ - (၇၅) ဦး၊ ညောင်ခါးရှည်ရွာFQ - (၁၁၈)ဦး၊ လက်ပံ FQ - (၂၀)ဦး၊ အဗျားထမင်းဆိုင် FQ - (၁)ဦး၊ လေးအိမ်စု FQ - (၂)ဦး၊ ဘုရားပျို FQ - (၅)ဦး၊

ထိန်တပင် FQ - (၁)ဦး၊ လက်ပံသုံးပင် FQ - (၄)ဦး၊ ကမာကဘန် FQ - (၈)ဦး၊ တမာတကေ FQ - (၁)ဦး၊ မိုးနတ် FQ - (၁)ဦး၊ဖိုးဦးစိန် FQ - (၁)ဦး၊ ဖိုးစပယ် FQ - (၁)ဦး၊ ငှက်ချေးဝင်း FQ - (၃)ဦး၊ စိုက်ဘဏ်ရုံး - (၄)ဦး၊ ဥပဒေရုံး - (၆)ဦး၊ ရဲစခန်း - (၆)ဦး၊ သစ်တော - (၂)ဦး၊ ယနေ့ (၁)ဦးသေဆုံးပြီး ဆေးရုံဆင်း (၃)ဦးရှိပါကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း