သာယာဝတီ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေထိ ပိုးတွေ့လူနာသစ် (၂၁) ဦးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၅၈၂) ဦးရှိပြီး သေဆုံးသူ (၁၂) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက် လျက်ရှိကြောင်း သိရသည်။
၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ၊ အ.ထ.က(၁) သာယာဝတီ၊ အ.ထ.က (သုံးဆယ်) တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ /မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွန်လ ၇ ရက်နေ့မှစ၍ ယနေ့ထိ သေဆုံးသူ (၁၂) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၄၈) ဦးရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
သန့်ဇော်