ချောင်းဦး မြို့၌ မိုးစပါး မျိုး​စေ့ထုတ်​တောင်သူများသို့ အရည်အ​သွေး​ကောင်းစပါးမျိုး​စေ့နှင့်သွင်းအားစုများ​ပေးအပ်

ချောင်းဦး ဇူလိုင် ၁၄

  စစ်ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင် ​ချောင်းဦးမြို့နယ် စိုက်ပျိုး​ရေဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်​နေ့ ​နံနက် ၁၀ နာရီ အချိန်က မိုးစပါးမျိုး​စေ့ထုတ်စံပြကွက် ၂၀ ဧက စိုက်ပျိုးမည့် ​တောင်သူများသို့ အရည်အ​သွေး​ကောင်း စပါးမျိုး​စေ့နှင့် သွင်းအားစုများကို ပံ့ပိုး​ပေးအပ် ခဲ့ကြောင်း သိရသည်။

 စပါးမျိုး​စေ့နှင့်သွင်းအားစုများ ​ပေးအပ်ပွဲတွင် စစ်ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါ်မင်းမင်းသန်းက မျိုး​ကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်ရခြင်း၏အကျိုး​ကျေးဇူးများကို ရှင်းလင်း​ဆွေ​နွေးခြင်းအရည်အ​သွေးမှီ မျိုး​စေ့များကို ​ရေရှည်စိုက်ပျိုးထုတ်လုပ်ရန် လလိုအပ်ပါကြောင်း​ ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​နေက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီးမှူး ဦး​မောင်​မောင်မျိုးခိုင်က မျိုး​စေ့ထုတ်​တောင်သူများအား မျိုး​ကောင်းမျိုး သန့်ရရှိ​ရေး ကြိုးပမ်း​ဆဆောင်ရွက်ကြစေလိုပါ​ ကြောင်း  အား​ပေးစကားများ​ပြောကြားခဲ့သည်။

 ဆက်လက်၍​ချောင်းဦးမြို့နယ်တွင် မိုးစပါးမျိုး​စေ့ထုတ်စံပြကွက်​ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် နှင့် လိုက်နာ​ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ​ချောင်းဦးမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ခင်မြတ်မြတ်ဦးက ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

  အဆိုပါ စပါးမျိုး​စေ့နှင့်သွင်းအားစုများ ​ပေးအပ်ပွဲသို့ မုံရွာခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါ်မင်းမင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီးမှူး ဦး​မောင်​မောင်မျိုးခိုင်၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ မျိုး​စေ့ထုတ်​တောင်သူများ စုစု​ပေါင်း ၂၈ ဦးတက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားကို ကျန်းမာ​ရေးဝန်ကြီးဌာနမှချမှတ်ထား​သောcovid 19​ရောဂါ ကာကွယ်​ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)