ပန်းတနော်မြို့နယ်တွင် ငါးသယံဇာတပြန့်ပွားရေး မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပန်းတနော် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည် တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ပန်းတနော် မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက  River View ပေါ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းဦး၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးလှအောင်သိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ကြပြီး ပန်းတနော်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၁၀၀၀၀၀) ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၃၀၀၀၀)၊ ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၇၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၂၀၀၀၀၀)အား ပန်းတနော်မြစ်အတွင်းသို့ စိုက်ထည့်ခဲ့ ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)