ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် BRAC Myanmar မှထောက်ပံ့ပစ္စည်းများပေးအပ်

ကျောက်ကြီး  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ရန်ကုန်အခြေစိုက် BRAC Myanmar မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ(၃)နာရီ က ကျောက်ကြီးမြို့နယ် Covid–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။            

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉  ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင် နေကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ Quarantine Centre များတွင် တာဝန် ထမ်းဆောင်နေသူများအား ရန်ကုန် အခြေစိုက် BRAC Myanmar မှ ဦးဇေယျာဦး ဦးဆောင်၍ အဖွဲ့အစည်းတာဝန်ရှိသူများ နှင့်အတူ ကျောက်ကြီးမြို့နယ်အတွင်းရှိ Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်လှုပ်ရှား ဆောင်ရွက် နေကြသည့် နေရာများအား ကွင်းဆင်းကြည့်ရှုပြီး PPE ဝတ်စုံ အထည်(၂၅)စုံ၊ 95 Mask နှာခေါင်းစည်း(၅၀၀)ခု ၊လက်အိတ် (၁၀)ဖာ၊ Hand Sanitizers (500)ml bottle (၂၀၀)ဘူးတို့အားCovid-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရ သည်။

K ခိုင် ပြန်/ဆက်