ထန်းတပင်မြို့နယ်၌ ကျေးရွာလျှပ်စစ်မီးရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပ

ထန်းတပင် (ရန်ကုန်) သြဂုတ် ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးရွာမီးလင်းရေးလုပ်ငန်းများကို အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NEP)အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ထိန်းကုန်း ကျေးရွာ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဆောင်ရွက်သည့် စည်ပင်သာ ကျေးရွာ တို့တွင် လျှပ်စစ်မီး ရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲကို သြဂုတ်လ (၁၁)ရက်နေ့၊ နေ့လယ်ပိုင်းက အဆိုပါကျေးရွာ များတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ကျေးရွာ လျှပ်စစ်မီးရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း နှင့် မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်တို့က အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ထိန်ကုန်းကျေးရွာရှိ (၁၁)ကေဗွီ ဓါတ်အားလိုင်း (၃၁၅) ကေဗွီအေ ထရန်စဖော်မာနှင့် စည်ပင်သာကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဆောင်ရွက်သည့်(၁၁)ကေဗွီဓါတ်အားလိုင်း (၂၀၀)ကေဗွီ အေထရန်စဖော်မာ ဓာတ်အားခွဲရုံများကိုဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)အစီအစဉ်ဖြင့် ကျေးရွာ မီးလင်းရေး လုပ်ငန်းများကို ကျေးရွာ(၁၁)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၆)ရွာတို့တွင် လျှပ်စစ်မီးစတင်ရရှိနေပြီဖြစ်သလို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး ဘတ်ဂျတ်ဖြင့် ကျေးရွာ(၄၁)ရွာတို့တွင် ကျေးရွာမီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီး စတင် ရရှိနေပြီဖြစ်ကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)