ဖျာပုံ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်က (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာ ပေး ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
အသိပညာပေး နံရံကပ်စာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ နေရပ်ပြန်ဒေသ ပြောင်းရွှေ့နေထိုင်သူများ၊ အစိုးရ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့် အချက်များနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါ၀င်နိုင်ရေးကြည့်ရှုရန် နှိုးဆော်ချက်များနှင့် မဲဆန္ဒရှင်စာရင်း ဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ရေဘေး၊ မိုးခေါင်ရေရှား၊ မီးဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် လျှပ်စီးလျှပ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် အသိပညာပေး ပိုစတာများကို ထည့်သွင်းပြသ ထားသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)