မြင်းမူ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၆.၆.၂၀၂၁ မှ ၁၃.၇.၂၀၂၁ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြု လူနာပေါင်းမှာ(၂၁၅)ဦးထိရှိလာခဲ့ကြောင်း၊ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၁၀၁)ဦးရှိပြီး ဆေးကုသမှုခံယူနေသူ(၁၁၄)ဦးရှိကြောင်းနှင့် ကိုဗစ် ရောဂါကြောင့်သေဆုံးသူ(၃)ဦးရှိပြီဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရှိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ သံဃာဆေးရုံအဆောက်အဦတွင်ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာ ရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ် မှုဖြင့် သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့ဝင်၊ မြို့ထွက်များတွင် စစ်ဆေးရေး ဂိတ်များထားရှိခြင်း၊ မြို့တွင်းလမ်းမကြီးများ၊ ဈေးများနှင့် ပိုးတွေ့ လူနာ ပတ်ဝန်းကျင် လူနေအိမ်အဆောက်အဦများအား ကျန်းမာရေးဌာန ၏ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများက ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)