ပန်းတောင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယမန်နေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် Quarantine ဝင်နေသူများ အဆင်ပြေစေရန်အတွက် ပန်းတောင်းမြို့ အနှေးယာဉ်လုပ်သားများနှင့် စေတနာရှင်များ စုပေါင်းကာ ထမင်းထုပ် (၈၀)ထုပ်နှင့် ကိုမျိုး +မနုနုဝေ မိသားစု၊ ကိုမောင်တာ+မငြိမ်းသွဲ့ မိသားစုတို့မှ ဆက်လက်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့နောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့မှ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။