မြို့သစ် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး ၊ မြိို့သစ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် (၂၃)ဦး ထပ်တိုးတွေ့ ရှိကြောင်း ယမန်နေ့နေ့လည်(၁၂)နာရီအချိန် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးထုတ်ပြန်ချက်အရ သိရသည်။
ပိုးတွေ့အတည်ပြုလူနာများမှာ မြို့သစ်မြို့ ကိုရံတောင်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် (ကျား) တစ်ဦး ၊ မြေခြားကျေးရွာမှ အသက်(၁၇)နှစ်အရွယ် (မ)တစ်ဦး ၊ကွက်သစ်ရပ်ကွက်မှအသက် (၂၈) နှစ်အရွယ်(ကျား)နှစ်ဦး၊အသက်(၄၇)နှစ်အရွယ် (ကျား)တစ်ဦး၊အသက်(၄၂)နှစ်အရွယ် (မ)တစ်
ဦး ၊အသက်(၄၈)နှစ်အရွယ်(မ)တစ်ဦး၊ အသက် (၂၁)နှစ်အရွယ်(မ)တစ်ဦး ၊ ဗိုလ်မင်းရောင်လမ်းမှအ သက်(၂၀)နှစ်အရွယ်(ကျား)တစ်ဦး ၊ ပိတောက်ရွေဝါလမ်းမှ အသက်(၄၄)နှစ်အရွယ်(မ)တစ်ဦး ၊ စစ်
တောကုန်းကျေးရွာမှ အသက်(၅၁)နှစ်အရွယ် (မ)တစ်ဦး၊အသက် (၄၃)နှစ်အရွယ်(မ)တစ်ဦး၊အသက် (၃၆)နှစ်အရွယ် (ကျား)တစ်ဦး ၊ အသက် (၃၂)နှစ်အရွယ် (မ)တစ်ဦး ၊အသက်(၇၅)နှစ်အရွယ်(မ)တစ် ဦး၊ အသက်(၅၆)နှစ်အရွယ်(ကျား)တစ်ဦး ၊အသက် (၁၃)နှစ်အရွယ်(ကျား)တစ်ဦး ၊အသက် (၁၂) နှစ် အရွယ်(ကျား)တစ်ဦး၊အသက် (၁၃)နှစ်အရွယ် (ကျား)တစ်ဦး ၊ ကြိုးကြာအင်ကျေးရွာမှ အသက် (၃၇) နှစ်အရွယ်(ကျား)တစ်ဦး ၊ဝါးကြီးအိုင်ကျေးရွာမှ အသက်(၅၀)နှစ်အရွယ် (ကျား)နှစ်ဦး ၊ အသက်(၄၀) နှစ်အရွယ်(မ)တစ်ဦး စုစုပေါင်း(၂၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏(RDT) စစ်ဆေးချက်အရ သိရသည်။
ပိုးတွေ့အတည်ပြုလူနာများအနက် ကွက်သစ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှ အသက်(၄၄) နှစ် အရွယ်(မ)တစ်ဦးသည် ကိုယ်အပူချိန်မြှင့်တက်နေ၍ ကျန်းမာရေးဝန်ထမ်းများဖြင့် အနီးကပ်ကု သရန်အတွက် မြို့သစ်ပြည်သူ့ဆေးရုံရှိ(၄)ထပ်ဆောင်တွင် ထားရှိကာ ကုသပေးသွားမှာဖြစ်ပြီး (၂၂) ဦးမှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိသဖြင့်၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ(၁၁) ရက်နေ့ (၁၀းဝဝ)နာရီအချိန် က ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ ၎င်းတို့၏ နေအိမ် တွင် Home lsoLation(၁၀)ရက်ထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ထိစပ်ခဲ့များကို စုံစမ်းဖေါ်ထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၀၃) ဦးရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ဆေးရုံဆင်းခွင့်ရရှိသူ(၁၀)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မ တီအဖွဲ့ထံမှ သိရသည်။
သန်းဝင်းထွန်း