ဇီးကုန်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံနှင့် မြို့နယ် ပြည်သူ့ခန်းမတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်က ကျန်းမာရေးကောင်းမွန်သူ(၂)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
ပြည်သူ့ဆေးရုံမှ isolation Ward မှ ကျန်းမာရေးကောင်းမွန်သူ (၂)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီး သီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ရန်နှင့် ကျန်းမားရေးအသိပညာပေး စကားများ ပြောကြားပေးခဲ့ပြီး မေတ္တာရှင်နာရေးကူညီမှုအသင်းမှ နေအိမ်များ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀၆)ဦးအနက် ၄ ဦးဆေးရုံ မှ ဆင်းခွင့်ပြုခဲ့ပြီဖြစ် ကြောင်းနှင့် တစ်ဦးသေဆုံးကြောင်း မြို့ နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ