မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေး  ဇူလိုင်   ၁၃

 

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးကျော်ကျော်လင်း၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်တို့နှင့်အတူ ယမန်နေ့ ညနေ ၅ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာများ ကုသဆောင်ရွက် ပေးသည့် တိုးချဲ့(၅)ဆောင်သို့ ရောက်ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါ ဆေးဝါကုသမှုခံယူနေသူ လူနာများ အတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက် ကွေကာ၊ Mask ၊Face Shield လက်သန့်ဆေးရည်တို့အား တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေးထံ ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့သည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲသည် လူနာများ အသုံးပြု ဆောင်ရွက်ရန်အတွက် အဆိုပါဆေးရုံကြီးရှိ အောက်စီဂျင်ထုပ်လုပ် ဆောင်ရွက်သည့် စက်ရုံအတွင်း ရောက်ရှိခဲ့ပြီး၊ ဆေးရုံအုပ်ကြီးမှ အောက်စီဂျင်ထုတ်လုပ်ဆောင်ရွက်မှု အခြေအနေ၊ လိုအပ်ချက်၊အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေအတည်ပြုလူနာပေါင်း(၂၅၄၁)ဦး ရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၂၃၄၉))ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

မောင်ညီညာ(မကွေး)