နတ်တလင်းမြို့တွင် ဓမ္မဝံသာနုရက္ခိတအသင်းသို့ အောက်စီဂျင်နှင့် အလှူငွေ များ လှူဒါန်း

နတ်တလင်း ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့၌ ဓမ္မဝံသာနုရက္ခိတ အသင်းသို့ အောက်စီဂျင် (အခမဲ့)လေနှင့် အလှူငွေများကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
 
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်- ၁၉ ရောဂါ လူနာရှင်များအတွက် လိုအပ်လျက်ရှိ သော အောက်စီဂျင်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဦးအေးကို+ဒေါ်ခင်ခင်ညိမ်း (စိန်ရွှေရတနာဆိုင်) ဗိုလ်ချုပ်လမ်းမှ အောက်စီဂျင် ၄၀ လီတာအိုးကြီး (၂၀)လုံးအတွက် စုစုပေါင်းအလှူငွေ(၁၄၀၀၀၀)ကျပ်၊ ဦးမြင့်အေး+ဒေါ်အေးမြင့် (အောင်မေတ္တာ စိန်ရွှေရတနာဆိုင်) မင်းလမ်းမှ အလှူငွေ(၁)သိန်း၊ ဦးထွန်းသိန်း+ဒေါ်ရီရီတင်(ထွန်းမြန်မာ ပိုက်ဆိုင်)မှ အလှူငွေ(၃)သိန်း၊ ဦးအောင်ဇော်မြင့်+မယမင်းသီရိ ရွာမလမ်းမှ အလှူငွေ (၂၈၀၀၀၀)ကျပ်၊ ဦးထွန်းသောင်း+ဒေါ်အေးသင်းမိသားစု၊ တာပွန်လမ်းမှ အောက်ဆီဂျင် ၄၀ လီတာအိုးကြီး( ၄)လုံးအတွက် (၁၄၀၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းရာ မန္တလေး ရတနာပုံကျောင်းတိုက်ဆရာတော်နှင့် ဓမ္မဝံသာနုရက္ခိတအသင်းသားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
 
ထားထားဦး