ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးတွေ့ရှိထားသည့် လူနေအိမ်များအား ပိုးသတ်ဆေးဖျန်း

ဝေါ ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပိုးတွေ့ရှိထားသည့် လူနေအိမ်များအား ပိုးသတ်ဆေး ဖျန်းခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတ လူငယ်များမှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ယခုကာလအတွင်း ပိုးတွေ့ရှိထားသည့် နေအိမ်များအား ပုံမှန် ပိုးသတ်ဆေးဖျန်း ဆောင်ရွက်လျက်ရှိကြောင်း အေးချမ်း သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ထံမှ သိရသည်။
 
အလားတူ ဝေါမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဝေါမြို့နယ် တွင် ဇူလိုင်လ ၃ ရက်နေ့မှ ယနေ့ထိ ပိုးတွေ့လူနာ (၂၀၉)ဦးရှိပြီူး (၁) ဦး သေဆုံထားကြောင်း သိရသည်။
 
အောင်မြတ်လင်း