သာယာဝတီ သြဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် အမည်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ သာယာဝတီနယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ထားရှိပြီး မဲဆန္ဒရှင်စာရင်း များ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့်တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ် ၍ ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှု ကြကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၆၉)အုပ်စု၌ မဲရုံပေါင်း (၁၀၅) ရုံဖွင့်လှစ် သွားမည်ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၁၂၀၆၇၆)ဦးရှိပြီး မဲစာရင်းများ စနစ်တကျ ကပ်ထား ကြေညာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။
သြဂုတ်လ ၁၁ ရက်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက် ကြည့်ရှုလျက်ရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆို သူ (၈၄၁)ဦး၊ ပုံစံ(၄) မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ (၁၀၂၈)ဦး၊ ပုံစံ(၄-ဂ) ဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ (၃၅၂)ဦး ရှိကြောင်း မြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)