ပွင့်ဖြူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၁၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ (၄၀)ဦးအား RDT ( Test Kits ) ဖြင့် စစ်ဆေးရာတွင် (၁၅)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၂၅)ဦးမှာ Negative ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ သူများမှာ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်မှ အသက်(၅၁)နှစ်အရွယ် အမျိုးသား တစ်ဦး ၊ အလယ်ပိုင်းရပ်ကွက်မှ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အင်းဒေါင်းကျေးရွာမှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး ၊ အသက်(၇)နှစ်အရွယ် ကလေးတစ်ဦး ၊ အသက်(၂)နှစ်ခွဲအရွယ် ကလေးတစ်ဦး ၊ စံပြကျေးရွာမှ အသက် (၄၉)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ နေရပ်ပြန်လာသူ အသက်(၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၁၄)နှစ်အရွယ် ကလေးတစ်ဦး ၊ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက်(၂၀)နှစ် အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ ဖြစ်ပြီး ၎င်း ကိုဗစ်ပိုးတွေ့ရှိသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ပွင့်ဖြူမြို့ ၊ အရှေ့ပိုင်းရပ်ကွက် မိုးကုတ်ရိပ်သာတွင် စီစဉ်ထားရှိသော Facility Centre တွင် ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဇွန် ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၄၉)ဦး ရှိပြီဖြစ်ကာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၈ ဦး ရှိကြောင်းနှင့် ပိုးတွေ့လူနာ ၃၁ ဦး ကျန်ရှိနေသေးကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )