မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ Online Meeting ဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မော်လမြိုင်  ဇူလိုင် ၁၃

 

မွန်ပြည်နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှတာဝန်ရှိသူ များသည်   ယမန်နေ့နံနက် ၉နာရီခွဲက    မွန်ပြည်နယ်     စီမံအုပ်ချုပ်ရေးကောင်စီရုံး     အောင်ဆန်း ခန်းမ၌ မွန်ပြည်နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  Video Conferencing စနစ်ဖြင့် Online Meeting    ဆောင်ရွက်ခဲ့သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးဇော်လင်းထွန်းက  ယခုအခါ ကိုဗစ်−၁၉ရောဂါသည်   လက်ရှိ အနေအထားအရ  ပိုးတွေ့ရှိလူနာအရေအတွက် မြင့်တက်လာပြီးဖြစ်သည့်အတွက်   မွန်ပြည်နယ်တွင် ကိုဗစ်−၁၉ပိုးတွေ့အတည်ပြုလူနာများထားရှိ နိုင်ရန် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  အလေးထား    ဆောင်ရွက်လျက်ရှိကြောင်း၊  သက်ဆိုင်ရာမြို့နယ်များအနေဖြင့် ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ တစ်ဆင့် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူအသိပညာ ပေးလုပ်ငန်းစဉ် များတွင်ထိထိ ရောက်ရောက်ဆောင်ရွက်ပေးစေလိုကြောင်းနှင့်   အရေးပေါ်တုံ့ပြန် ဆောင်ရွက် ရမည့် လုပ်ငန်းများ   အလေးပေးဆောင်ရွက်ကြရန်ပြောကြားသည်။

 

 

ထို့နောက် မွန်ပြည်နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်−၁၉ရောဂါကာကွယ်  ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှုအခြေအနေများကိုOnline Meeting ဖြင့်ရှင်းလင်းတင်ပြကြသည်။

 

မွန်ပြည်နယ်တွင် ပိုးတွေ့လူနာများထားရှိ ကုသပေးနိုင်ရန် မော်လမြိုင်မြို့တွင်  Isolation Ward- 1၊ Isolation Ward- 3 အပါအဝင်    မွန်ပြည်နယ်ရှိ    အထွေထွေရောဂါကု ဆေးရုံများတွင်      နေရာ စုစုပေါင်း  (၂၂) နေရာဖြင့် လည်းကောင်း၊ Quarantine Center ပြင်ဆင်ထားရှိမှုအနေဖြင့် နေရာ (၃၂) နေရာ ကိုလည်း  စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)