မင်းပြားမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရန် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

မင်းပြား  ဇူလိုင် ၁၃

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်း ဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaing ပြု လုပ်ခြင်းကို  ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမျိုးစိုးမိုး ဦးဆောင် သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက်  ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာ သူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်း စည်းတပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှာခေါင်း စည်း ( Mask ) ခုရေ (၅၀၀) ခန့် အား  အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း