မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်တွင်မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ပြည်သူ့၀န်ဆောင်မှုရုံးခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က မုံရွာမြို့နယ်တွင် ကိုဗစ်‌၁၉‌ရောဂါ ကူးစက် ဖြစ်ပွား‌နေမှု အခြေအနေ၊ မြို့အဝင်တွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ် ဖွင့်လှစ်‌ဆောင်ရွက် နေမှုပိုးတွေ့ လူနာများထားရှိ ကုသပေးမည့် နေရာများသတ်မှတ်ထားရှိမှုနှင့် ပြင်ဆင်ရွက်နေမှု အခြေအနေနှင့် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ လိုအပ်သည် များ ဆွေးနွေးတင်ပြကြရာ  တက်ရောက်လာကြသူများ၏ အကြံပြု ဆွေးနွေးချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက  ဖြည့်စွက်ဆွေးနွေး  လမ်းညွှန်ခဲ့ ကြောင်း သိရသည်။

ထိန်လင်း(မုံရွာ)