၂၀၁၉-၂၀၂၀ တိုင်းဒေသကြီးရန်ပုံဖြင့် စျေးပတ်လမ်းကွန်ကရစ်လမ်းခင်း၊ စျေးခြံစည်စည်းရိုးကာ၊ ​မြေခင်း အလှပြုပြုခြင်း လုပ်ငန်များဆောင်ရွက်

သနပ်ပင်၊ သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် တွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်    တိုင်းဒေသကြီး အထွေထွေ ပိုလျှံ ရန်ပုံငွေဖြင့် မြို့မစျေး အနောက်ဘက်ကမ်းနားလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် စျေးခြံစည်းရိုး ကာရံလုပ်ငန်း၊ ​မြေခင်း အလှပြုပြင်ခြင်း လုပ်ငန်းများအား  ယနေ့ နံနက်ပိုင်း က  သနပ်ပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မိုးမြင့်အောင် မြို့နယ်စည်ပင် သာယာရေး အမှုဆောင် အရာရှိ ဦးအောင်သူရနှင့် စည်ပင်ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူရက အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရ ခြင်းသည်  စျေးအင်္ဂါရပ်များနှင့်ပြည့်စုံစေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန် စေရေး၊  စျေးသွားစျေးပြန် ပြည်သူများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်လုပ်ကိုင် နိုင်စေရေး အတွက် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည်  အလျား ၁၉၅ပေ၊ အနံ ၆ပေ၊ ထု၈လက်မနှင့် စျေးခြံစည်းရိုးကာရံ ၊အလျား ၃၇၀ ပေ၊  အမြင့် ၆ပေ၊ ​စျေးမြေခင်းအလှပြုပြင်ခြင်း အလျား ၆၀၅ ပေ၊ အနံ ၁၀ ပေ၊ ထု ၈လက်မ  ရှိကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)