စစ်တွေ ဇူလိုင် ၁၃
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည် နယ်၊ စစ်တွေရုံး တာဝန်ခံ Ms. Wendy Fleury နှင့် မောင်တော ရုံးတာဝန်ခံ Mr.Karl –Heinz Moder တို့ သည် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဧည့်ခန်းမ၌လာရောက် တွေ့ ဆုံကြသည်။
တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်အတွင်း ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ထောက်ပံ့ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ တိုက်ပွဲရှောင်များအား ကူညီဆောင်ရွက်နေသည့်အခြေအနေ၊ နေရပ်ပြန် တိုက်ပွဲရှောင်များအား ဆက်လက် ကူညီဆောင်ရွက်မည့်အခြေအနေ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး တိုက်ပွဲရှောင်များအတွက် နေအိမ်များဆောက်လုပ်ပေး နေမှုအခြေအနေ၊ နေရပ်ပြန်တိုက်ပွဲ ရှောင်များအတွက် လူမှုစီးပွားဘဝပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့်အနေများ၊ (ICRC)အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း ပြီး ကျန်းမာရေးနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ စားနပ်ရိက္ခာဖြန့်ဝေရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာနှင့် ပတ်သက် သည့်လုပ်ငန်းများ၊ အဆောက်အဦနှင့်ပတ် သက်သည့်လုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးရုံများတွင် ထောက်ပံ့ပေးနေမှု၊ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများထောက်ပံ့ပေးနေမှုနှင့် အောက်ဆီဂျင် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်၊ စစ်တွေရုံးတာဝန်ခံ Ms. Wendy Fleury၊မောင်တော ရုံးတာဝန်ခံ Mr.Karl–Heinz Moder နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း