အုတ်တွင်းမြို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

အုတ်တွင်း ဩဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်  စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် (:၀၀)နာရီ က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၊ သီရိရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးစိုးလင်းတို့က အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုနွယ်ဝင်း မှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရန်ပုံငွေ များကို ကျေးရွာ တစ်ရွာချင်း အလိုက် စုစုပေါင်း ကျေးရွာ ()ရွာအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ပုံစံသုံးမျိုးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဝက်ဖြူကုန်း (အရှေ့)ကျေးရွာ၊ သိုးကြီး ကရင်ပန်းအိုင်ကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ချောင်းကျိုး ကျေးရွာ၊ ( မြင်းစု ) သောင်းတိုင်ကုန်းကျေးရွာ၊ ပေပင်ကုန်း ကျေးရွာများအား ရန်ပုံငွေ ကျပ်သိန်း (၃၀၀)စီ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ကျေးရွာများမှ လုပ်ကွက်ငယ် တောင်သူများ လိုအပ်သော ငွေကြေး  အရင်းအနှီးများ ရရှိစေရန် မတည်ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အုတ်တွင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းထံမှ သိရသည်။ 

စည်သူ (ပြန်/ဆက်)